အဆီတွေပြန်နေတယ်ဆိုတိုင်း Oily skin လား
မိုးတွင်းဆိုပေမဲ့ ရာသီဥတုက ပူပြင်းပြီး စိုစွတ်နေတာကြောင့် တော်တော်များများက
အဆီပြန်၊ ချွေးပေါက်ကျယ် စတဲ့
ပြဿနာတွေဖြစ်နေကြတယ်။
ဒီနေရာမှာ မင်ဆိုလိုချင်တဲ့ အဆီဆိုတာက အသားအရေကနေပုံမှန်ထုတ်ပေးနေတဲ့အဆီတွေကို ဆိုလိုချင်တာမဟုတ်ပဲ…
ဘာအကျိုးသက်ရောက်မှုမှမပါပဲထွက်နေတဲ့ အဆီပိုတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။
မျက်နှာအသားအရေကို စိုပြေတင်းရင်းနေအောင် အဓိကပံ့ပိုးပေးနေတဲ့ နှစ်ခုကတော့ အဆီနဲ့ရေပါ။
အသက်အရွယ်ကြီးလာတာနဲ့အမျှ ဒီရေဓာတ်နဲ့အဆီဓာတ်တွေက ခမ်းခြောက်လာတတ်ပြီး
အသားတွေခြောက်လာတယ်
Skin elasticity လျော့လာတာမျိုး ဖြစ်လာတယ်
ဒါကြောင့် အဆီနဲ့ရေဆိုတာကလည်း မျက်နှာအသားအရေအတွက်က လိုအပ်နေပြန်တာပါပဲ။
ဆယ်ကျော်သက်အရွယ်တွေဖြစ်ကြတဲ့ ၁၅၊ ၁၆ အရွယ်လေးတွေကတော့
အများအားဖြင့် အဆီအရမ်းပြန်တတ်ကြပြီး၊
အသက် ၂၅ ကျော်လာပြီဆို အရင်ကလောက်
အဆီအရမ်းမပြန်တော့တာ ခံစားမိကြမယ်လို့ထင်တယ် ။
ဒီတော့ မျက်နှာပေါ်မှာ အဆီတွေပြန်နေတာနဲ့ပဲ
Oily skin လို့ သတ်မှတ်လိုက်ရတော့မှာလား
ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ရအောင် ~
အသက် ၁၅၊ ၁၆ ဆယ်ကျော်သက်အရွယ်ဖြစ်ပြီးအဆီအရမ်းပြန်နေတယ်
ဆိုရင်တော့ အဆီပိုတွေကြောင့်ဆိုတာ 95% လောက်ထိသေချာပါတယ်
- ဒီအရွယ်က ဟော်မုန်းအပြောင်းအလဲကြောင့်ရယ်၊ အသားကငယ်သေးနုသေးတော့ ပုံမှန်ထက်စာရင် အဆီတွေပိုထုတ်ပေးနိုင်တယ်။
- အဆီပြန်တာကိုမှ အသားကလည်း အထိုက်အလျောက် moisture နဲ့ hydration ရှိတယ်။
- အပေါ်ယံအဆီပြန်နေပေမဲ့ အတွင်းထဲကနေ တင်းခြောက်တဲ့ခံစားချက်လည်းမဖြစ်ဘူးဆိုရင်တော့ ဒါက သာမန်အဆီပြန်တာမျိုးပါ
ဒီလို အဆီပြန်တာမျိုးဆို oil control လုပ်ပေးနိုင်တဲ့ skincare, minimal moisture and hydration ပေးနိုင်တဲ့ skincare မျိုးသုံးပေးရင်
သက်သာသွားတာတွေ့ရပါတယ်။
နောက်အခြေနေတစ်မျိုးကတော့ အပေါ်က အချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သုံးရမယ့် skincare တွေကလဲ တော်တော်လေးကွဲသွားတယ်။
အဆီပြန်နေတာကိုမှ အတွင်းထဲကတင်းပြီးခြောက်နေမယ်။
အသားပေါ်မှာ အကြောင်းလေးတွေထချင်နေပြီး အဖတ်တွေပါလန်နေတယ်
ဆိုရင်တော့ ဒါဟာ oily skin လုံးဝမဟုတ်တော့ပဲ dehydrated skin ဖြစ်နေတာပါ။
ဘာကြောင့် dehydrated ဖြစ်ပြီး အဆီပြန်ရတာလဲ
တခါတရံ skin က ရေဓာတ်လိုအပ်လာတဲ့ အခြေနေမျိုးမှာ လိုနေတဲ့ hydration ကိုမဖြည့်ပဲနေမိရင်
Skin က အရမ်းခြောက်နေတယ်ဆိုပြီး
သူ့အလိုအလျောက် လိုအပ်တဲ့အစိုဓာတ်ကိုထုတ်ပေးတယ်။
ဒီလိုအချိန်မှာ အနည်းငယ် oily ဖြစ်လာတတ်တယ်။
ဒါကို oil control product တွေ အလွန်အကျွံသုံးမိလိုက်တယ်ဆိုရင်တော့ အခြေအနေပိုဆိုးသွားပြီး dehydrated skin အဆင့်ကို ရောက်သွားတာမျိုးပါ။
အဆီကမရှိတော့ အသားအရေကအလိုအလျောက် အဆီတွေပိုပိုထုတ်တယ်။
အဲ့မှာ အဆီတွေခမ်းအောင်ပြန်လုပ်တယ်။
အဆီတွေကပြန်ထွက်တယ်။
ဒီလိုမျိုးနဲ့ သံသရာတွေလည်နေတာပေါ့။
ဒီလို oily but dehydrated skin တွေကတော့
oily skin တွေထက်စာရင် care လုပ်ရတာနည်းနည်းပိုပြီး သတိထားရတယ်။
အသားခြောက်လို့ဆိုပြီး အဆီများတဲ့ product တွေလည်းသုံးလို့မရပြန်ဘူး။
မျက်နှာပေါ်ကအဆီတွေနဲ့ထပ်ပေါင်းပြီး အဆီဖုတွေ၊ မလိုလားအပ်တဲ့ဝက်ခြံတွေထွက်လာတတ်တယ်။
moisturizer မှာဆို မပျစ်လွန်းမကျဲလွန်းတဲ့
watery texture နဲ့ hydration ကောင်းတာလေးတွေ သုံးပေးတာမျိုးဆို အဆင်ပြေပါတယ်။
ဒါဆိုရင်တော့ oily skin နဲ့ oily but dehydrated skin ကွဲပြားပုံအကြောင်းနဲ့
မှားယွင်းနေတဲ့အပိုင်းလေးတွေကိုပါ သိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်။
#charmknowledgesharing
#oilyskinvsdehydratedskin