Membership Privileges
2024 မှာ အသစ်ပြောင်းသွားတဲ့ Member စနစ်လေးအကြောင်း သေချာပြန်ရှင်းပြမယ်နော်...
အားလုံးသိတဲ့အတိုင်း 2023 မှာ ပေးခဲ့တဲ့ point လေးတွေက Dec 31 မှာ expired ဖြစ်သွားပြီဆိုတော့
နှစ်စဥ် Jan 1 ရက်နေ့ကနေစပြီး အသစ်ပြန်စစုရမယ်ပေါ့နော်...
ဒီနှစ်မှာတော့မင်တို့က Member တွေအတွက် အကျိုးခံစားခွင့်တွေကို သိသိသာသာစီစဥ်ပေးချင်တဲ့အတွက်
မနှစ်က Trial စ run ခါစမှာ Free Member ပေးခဲ့ပေမဲ့
2024 က စပြီး Paid Membership စနစ်လေး ဖြစ်သွားပါတယ်။
Member ကြေးကလဲ 5000 ks ထဲနဲ့ Life Time မို့ အရမ်းအဆင်ပြေတဲ့ နှုန်းထားလေးပါ။
Member တွေအနေနဲ့ ရမဲ့ အကျိုးခံစားခွင့်တွေကတော့
- မူရင်းစျေးနှုန်းနဲ့ ဝယ်ယူတဲ့အကြိမ်တိုင်းမှာ 100 ks လျှင် 1 point နှုန်းနဲ့ point တွေ ရသွားမယ်။
- စုထားတဲ့ Point တွေကို ပြန်ဝယ်တဲ့ချိန် 1 point - 1ks နှုန်းနဲ့ ပြန်သုံးလို့ရမယ်။
- Gift Item တွေ ရှိရင်လဲလို့ရမယ်
- အခါအားလျော်စွာ Member သီးသန့် Promotion တွေ ခံစားခွင့်ရနိုင်မယ်။
Member ဝယ်ပြီးသူတိုင်းကို မင်တို့က Digital Member Card လေး တခုစီ ထုတ်ပေးသွားပါမယ်။ White Member ကနေစပြီးတော့ Physical Card ထုတ်ပေးပါမယ်။
ဝယ်တဲ့ချိန်တဲ့မှာ ကတ်လေးကို ပြပြီး member ရှိကြောင်းပြောဖို့လိုပါမယ်နော်။
ကတ်ပိုင်ရှင်ကိုယ်တိုင်မဟုတ်ပဲ သူငယ်ချင်း, မိတ်ဆွေတွေဝယ်တဲ့ချိန်မှာလဲ ကတ်လေးပြပြီး ဝယ်မယ်ဆိုရင် မင်တို့က ကတ်ပိုင်ရှင် account ထဲကို Points & Purchase history လေးတွေ ထည့်ပေးသွားမှာမို့ Share ပြီး သုံးလို့လဲ ရပါတယ်နော်။
Member ဝယ်တဲ့သူလေးတွေက များနေတာမို့ Digital or Physical ကတ်လေးရဖို့ အချိန်ခနလေးစောင့်ပေးရပါမယ်ရှင့်။
Basic Member Tier
100 Ks ဝယ်ယူတိုင်း 1 point ရပြီး ထပ်ဝယ်တဲ့အကြိမ်တိုင်းမှာ 1 point - 1 Ks နဲ့ ပြန်လဲလို့ရတာမို့ 1% အမြဲ သက်သာနေမဲ့သဘောဖြစ်ပါတယ်။
ProMotion ပေါ်မူတည်ပြီး အရမ်းတန်မဲ့လက်ဆောင်လေးတွေပါ ထပ်ထည့်ပေးတာမို့ စုထားပြီးလဲလို့လဲ ရဦးမယ်။ Seasonal Promotion တွေမှာလဲ Member ဆိုရင် Extra Discount တွေပါ ထပ်ပေးလေ့ရှိတာမို့ တန်ပြီးရင်တန်နေတာပဲပေါ့။
Member ဝယ်ချင်တယ်ဆိုရင် 5000ks နဲ့ ဝင်လို့ရပြီးတခါတလေ လုပ်ပေးလေ့ရှိတဲ့ Promotion ကာလအတွင်းဆို သတ်မှတ်amountပြည့်အောင်ဝယ်တာနဲ့ Free Member ပေးတာတွေလဲ ရှိပါတယ်ရှင့်
- Basic Member အတွက်တော့ Physical Card ထုတ်မပေးပါဘူးရှင့်။
White Member Tier
အရင်က ဝယ်တဲ့ Amount ပေါ်မူတည်ပြီး Level တက်သွားပေမဲ့
ခုကတော့ White Member Card လိုချင်ရင် 3000 Points နဲ့ လဲဖို့လိုပါမယ်ရှင်
(လဲရမဲ့ Points အေရအတွက်အပြောင်းအလဲရှိနိုင်)
Basic Member benefits တွေအပြင် အပိုထပ်ဆောင်းရမဲ့ခံစားခွင့်က
- မူရင်းဈေးနဲ့ ဝယ်ယူတဲ့အော်ဒါတိုင်းမှာ 3% discount အမြဲရမယ်
(Sale items တွေကိုတော့ extra ထပ်မရပါဘူးနော်)
- Member Level အလိုက် အထူးခံစားခွင့်တွေ လအလိုက်ကွာနိုင်မယ်
- ပုံထဲကလို အဖြူရောင် member card လှလှလေးရပါမယ်။
Black Member Tier
အမြင့်ဆုံး Black Tier Member Card ကိုတော့ 5000 Points နဲ့ လဲလို့ရမှာဖြစ်ပါတယ်။ (လဲရမဲ့ Points အရေအတွက်အပြောင်းအလဲရှိနိုင်)
Basic Member benefits တွေအပြင် အပိုထပ်ဆောင်းရမဲ့ခံစားခွင့်က
- မူရင်းဈေးနဲ့ ဝယ်ယူတဲ့အော်ဒါတိုင်းမှာ 5% discount အမြဲရမယ်
(Sale items တွေကိုတော့ extra ထပ်မရပါဘူး
- Member Level အလိုက် အထူးခံစားခွင့်တွေ လအလိုက်ကွာနိုင်မယ်
- DOB ကို ပေးထားရင် Birthday Month အတွင်းဝယ်ရင် အဲ့လအတွက် သတ်မှတ်ထားတဲ့ လက်ဆောင်တခုခုကို မွေးနေ့လက်ဆောင်အဖြစ်ထပ်ရမယ်။
- ပုံထဲကလို အနက်ရောင် member card လှလှလေးရပါမယ်။
မနှစ်ကလို Point တွေနဲ့ Membership ကို နှစ်ကုန်ရင် expired လုပ်လိုက်မှာ မဟုတ်ပဲနောက်နှစ်ကို ဆက်သယ်သွားလို့ရပါတယ်။
⭐️ Point တွေကတော့ မသုံးပဲကျန်တဲ့ balance တိုင်းရှိနေမှာဖြစ်ပြီး Member Level တွေကိုတော့ Reset မလုပ်တော့ပဲ 2years အတွင်း သုံးလို့ရနေမှာဖြစ်ပါတယ်။
2024 နှစ်ကုန်ခါနီိးမှရလဲ 2025 Dec 31 ထိပဲပေါ့နော်
သက်တမ်းထပ်တိုးဖို့ကိုလဲ Points နဲ့လဲလို့ရမှာမျိုးစီစဥ်ပေးပါမယ်။
Member အားလုံးအတွက် ခံစားခွင့်တွေက ပုံမှန်ပေးလေ့ရှိတဲ့ အခြား Promotion တွေနဲ့တော့တွဲသုံးလို့မရပါဘူးနော်။
ဥပမာ - 10% Discount ရှိနေတဲ့ Product တခုကို Black Tier Member ဖြစ်တဲ့အတွက် Extra 5% ထပ်မရနိုင်ဘူးဆိုတဲ့သဘောပါ။
10% Discount ကိုရွေးမလား။ Member % ကိုရွေးမလား တခုပဲရွေးလို့ရမှာပါ။
ဒီလောက်ဆို CHARM ရဲ့ Membership System နဲ့ပတ်သတ်ပြီး တော်တော်လေး ပြည့်စုံသွားပြီလို့ထင်ပါတယ်။
မေးခွန်းလေးတွေရှိခဲ့မယ်ဆိုရင် Facebook Page Chat Box or Viber - 09885033078 မှာ မေးလို့ရပါတယ်ရှင်။
🔔 309-2024 မှာ White Member, Black Member ဖြစ်ပြီးသူတွေကတော့ Point နဲ့ ထပ်လဲစရာမလိုပါဘူးနော်။
1-10-2024 ကနေစပြီး နောက်ပိုင်းတော့
Level တခုချင်းစီကို Point နဲ့လဲသွားလို့ရပါမယ်ရှင့်