04 Chilling Red က ဘာလို့ လူကြိုက်များပြီး BEST Seller! ဖြစ်နေရတာလဲ?
စစချင်း Glow Fixing Tint ကို စရောင်းထဲက တော်တော်များများက 04 ကိုပဲ တန်းဝယ်ကြလောက်အောင်ကို ဒီအရောင်လေးက စွဲဆောင်မှုရှိနေတာ …
7 ရောင်ထဲမှာ သိသိသာသာအရောင်အတောက်ဆုံး အထင်းဆုံးလို့ ပြောလို့ရပြီး ...
အဓိကက ရွေးများကြတာတော့ လူတိုင်းနဲ့ လိုက်ဖက်တဲ့ ပန်းရောင်သမ်းတဲ့ အနီလေးမို့ပါ...
ပါးပါးလေးတလွှာဆိုးထားရင် သဘာဝ ရဲအုနေတဲ့ နူတ်ခမ်းသားစိုစိုလေး ရတယ် 👄
အတွင်းဘက် နဲနဲလေးပိုတင်လိုက်ရင်..
ကျန်းမာပြီးလှသွေးကြွယ်တဲ့ Gradient Color Lips လေး ဖြစ်သွားပြန်ရော ....
နဲနဲလေးပိုပြီး ထင်ချင်တယ်ဆို ထူထူလေးသာထပ်ဆိုးလိုက်....
လူအများကြားထဲမှာ ထင်းနေတဲ့ အလှလေး ဖြစ်နေလိမ့်မယ် ...
ပါးပေါ်တင်ကြည့်ဦးမလား ရှက်သွေးဖြာနေတဲ့ မျက်နှာ နုနုလေးအသွင်ရတဲ့အပြင်..
အရောင်စွဲအားကောင်းပြီး ကြာရှည်ခံတာမို့ ...
တနေကုန် ပန်းသွေးရောင်သမ်းနေတာမျိုး ...
ဆိုတော့ ...
04 က ဘာရောင်လဲ? လို့ မေးရင် ..
မင်ကတော့ အနီလို့ ပြန်ဖြေလေ့ရှိပါတယ် ...
ဒါပေမဲ့သူက ပန်းရောင်တောက်တဲ့ အနီလို့ပြောရင်ပိုမှန်မယ် ...
အတိအကျပြောရရင် သဘာဝနဲ့ အနီးစပ်ဆုံးတူတဲ့ ပန်းသွေးအရောင်လေးကိုမှ Neutral Tone ပေါ့▫️
Warm tone ဖောက်တဲ့ Skin ဆို ပန်းရောင်ဘက်ပိုရောက်နိုင်ပြီး
Neutral or Cool Tone Skin လေးတွေဆိုးမယ်ဆိုရင်တော့ အနီဘက်ပိုရောက်နိုင်ပါတယ်နော် 👄
#charmcosmetics #charmskincare
#etudeglowfixingtint #04chillingred #glowlips
#mylipsbutbetter #lipstickcolorswatches