PURITO Centella Uncented Toner

သာမာန် မြင်တွေ့နေကျ toner တခုပါပဲ .. 

ရိုးရှင်းတယ် … 

Acne-proned, Sensitive Skin ဆို မျက်စိမှိတ်ပြီး ရွေးချယ်သင့်တဲ့ထဲ ပါတယ်.. 

Safe ဖြစ်တယ် … အချိန်တခုအတွင်းမှာ Barrier ကို ကျန်းမာလာအောင်ကူညီပေးတာမျိုးနဲ့ 

အဆီဖု, ဝက်ခြံ နဲ့ အခြား sensitve ဖြစ်တာမျိုးတွေကို သက်သာလာစေဖို့ အများကြီး အထောက်အကူဖြစ်မယ်...

ဘာကြောင့်ရွေးချယ်သင့်တာလဲ?

  • Sensitive Skin တွေတွက် သင့်တော်မဲ့ Centella, Madecassoside, Asiaticoside လိုမျိုး soothing/ calming ကောင်းစေတဲ့ ingredient တွေ အပြင် Witch hazel လို ဝက်ခြံရှိနေရင် အယောင်ကျစေတာမျိုး, မြန်မြန်သက်သာစေတာမျိုး စတာတွေ ပါတယ် .. 
  • အဆီဖု, ဝက်ခြံထွက်တဲ့သူအများစုရဲ့ နောက်ပြဿနာတခု အဆီပြန်တာကိုလဲ​အထိုက်အလျောက် လျော့စေနိုင်တဲ့အပြင် သူ့ကြောင့် အဆီပိုပြန်တာ မဖြစ်ဘူး...

အရည်ကျဲလေးတော့မဟုတ်ဘူး နဲနဲလေး Jelly လို texture ပေါ့.. 

ရေထက်နဲနဲ ပျစ်တာမျိုးပါပဲ .. သုံးရခက်တာမျိုးတော့မဟုတ်ပါဘူး … အသားထဲစိမ့်ဝင်လွယ်တယ်..

မင်ကတော့ ဒါကို cotton pad မသုံးပဲ လက်နဲ့ပဲ .. ၃လွှာလောက်ထိ ပုတ်ပုတ်ပြီး လိမ်းဖြစ်တယ် … 

ဘာလို့ ၃လွှာလိမ်းတာလဲ ဆိုရင်တော့ … 

အဲ့ ခံစားချက်က ရှင်းပြရခက်တယ် .. toner ကို ၃လွှာလောက် စိမ့်သွားတဲ့ထိ စိတ်ရှည်လက်ရှည်လိမ်းဖူးသွားရင် .. 

Skin ရဲ့ ရေဓာတ်, အစိုဓာတ် ပြည့်ဝသွားပြီး .. တခြားဘာမှ မလိုအောင် ပြည့်စုံနေပါပြီလို့ အထင်တောင် ရောက်သွားတတ်တာမျိုး .. 

အထူးသဖြင့် ဒီ toner လို နဲနဲလေး ပျစ်တာတွေက  essence လို ပုံစံမျိုးပါ ဖြစ်သွားတတ်တော့ .. 

တော်တော်လေး skin က ကောင်းသွားတာမျိုး ချက်ချင်းမြင်ရတယ် … 

သိချင်ရင်တော့ ကိုယ်တိုင်စမ်းကြည့်ပါလို့ပဲ ပြောရမှာပဲ … 

စမ်းပြီးသွားရင် … feeling ကို ပြန် share လေနော်... 

ဒါလေးကို ဘယ်သူတွေ သုံးကြည့်သင့်လဲ ဆိုရင်တော့ ..

  • Skin barrier ထိထားလို့ ဘာမှမသုံးရဲရင်
  • Very sensitive , acne-prone skin
  • Skincare ကို သိပ်အများကြီးမသိဘူး၊ လေ့လဲ မလေ့လာချင်ဘူး ရှုပ်တယ် .. အဆင်ပြေတာတခုပဲ​သုံးမယ်ကွာ 

ဆိုရင် .. ဒါလေးကိုရွေး... step သိပ်မများချင်ဘူးဆိုရင် နောက်က hydrating moisturizer တခုခုလိုက် 

ဒါဆိုပြီးပြီ …

မဟုတ်သေးဘူး … soothing, calming အရမ်းလိုချင်တယ်.. skincare ကိုလဲ layer အထပ်ထပ်လိမ်းရတာ သဘောကျရင် .. 

နောက်ပုံက Serum ကိုပါ ထပ်တွဲလိုက်ဦး … 

အဆီဖု, ဝက်ခြံ ကို ထွက်ချိန်မရအောင် တားလိုက်ပြီးသား ဖြစ်သွားလိမ့်မယ် .. 

#puritocentellauncentedtoner


PURITO Defense Barrier pH Cleanser