Romand

Nu Zero Cushion

ငါးကြော်မကြိုက် ကြောင်မိုက် 😼

ဆိုတဲ့ စကားပုံလိုပဲ ..

Romand cushion တွေ မသုံးကြည့်ရသေးပဲ 

မကြိုက်ဘူးဆိုရင်တော့ လူမိုက်ပဲရှင်..

(ထိပ်ဆုံးက ဒီမင်မင်ပေါ့ မိုက်တွင်းနက်ခဲ့တာ)😓

Cushion တွေကို လုံးဝလုံးဝကို မကြိုက်ပဲ foundation အရည်ကိုပဲ​အားရပါးရလိမ်းရတာ သဘောကျသူပါ။

ကူရှင်ဆို စိတ်မရှည်လို့လေ .. 🤭

မီနီလေးကို အရောင်စမ်းမယ်ဆိုပြီး ဖောက်လိုက်တာ ရိုမန်မှမရှိရင် အသက်မရှင်ချင်တော့တဲ့ မင်မင်ဖြစ်သွားတော့တာပါပဲရှင်  ..

Skin မကောင်းနေဘူးလား ? 

  • Glow ထွက်သွားစေရမယ် ..

အမဲစက်တွေနဲ့ ညစ်နေလား ?

  • Coverage အသင့်အတင့်နဲ့ သဘာဝကျကျ အမဲစက်တွေ မှိန်သွားစေတယ်..

အသားက ခြောက်ကပ်ကပ်နဲ့ dehydrated ဖြစ်နေလို့ ဘာလိမ်းလိမ်းမလှနေဘူးလား?

  • ရိုမန်ကူရှင်လိမ်းလိုက်ရင် ခြောက်ကပ်ပြီး ကျေနေတဲ့ အသားတောင် စိုအိတင်းပြောင်သွားတယ်ဆိုတာယုံ .. ကိုယ်တွေ့ပဲ။

မင်သုံးတဲ့ Shade က ▫️04 Beige 23 ▫️

မင့်အသားရောင်နဲ့ဆို နဲနဲပိုလင်းသွားတယ်။

ဗူးလေးကလဲလှတယ်.. 

အရောင်လေးတွေကလဲ မြန်မာအသားရေနဲ့လိုက်တဲ့ အဝါလင်းလင်းဖောက်တာလေးတွေ... 

ညိုဝါဝါကြီးမဟုတ်ဘူးနော်.. တော်တော်လေး ဝင်းအုပြီးလှသွားတဲ့ အဝါဖောက်... 

စျေးလေးကလဲ ခုလိုငွေစျေးနဲ့တောင် အသင့်အတင့်မှာပဲ ရှိတယ်.. 

ဝယ်ကြည့်ပါ .. နောင်တမရစေရဘူး .. 

မင်ဆို သွားလေရာ အဲ့ဗူးပါတယ်။ 

တွေ့သမျှလူလဲ ရိုမန်ကူရှင် ပိုးသွင်းတယ်။ 🤭

ဒါလေးပါပဲ ရိုမန်ကူရှင် review😘

အဆုံးထိအားပေးလို့ကျေးဇူးပါရှင့် 🫶

#charm #romandnuzerocushion 


PURITO
Daily Soft Touch Sunscreen